ဟင်္သာတမြို့နယ်တွင်   အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ  

ဟင်္သာတ  ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှု လျော့နည်းစေရန် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းများ ကို ယနေ့နံနက် နာရီက ဟင်္သာတမြို့ တာကလေးရပ်ကွက် ဦးအောင်မြတ်ကျော် ဘုရားဝန်း ပြည်လုံးချမ်းသာ ခန်းမနှင့် သတ်မှတ်စုရပ်များတွင်  အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများကို ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

မြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းကို အသက်(၁၈)နှစ်နှင့် အထက်နှင့် သက်ကြီးရွယ်အိုများ၊  ဌာနဆိုင်ရာဝန်ထမ်းများ၊ ဈေးသူဈေးသားများ ဟိုတယ် တည်းခိုးခန်း ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများ အလုပ်သမားအဖွဲ့များ အကျဥ်းသားများ ၊ကျန်းမာရေးဝန်ကြီးဌာန မှ သတ်မှတ် ထုတ်ပြန်ထားသော    ဦးတည်အုပ်စုများအလိုက် ဦးစားပေးအစီအစဉ်ဖြင့် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။        

ကာကွယ်ဆေး ထိုးနှံပေးခြင်းများဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မူနှင့်အတူ   ကျန်းမာရေးဝန်ထမ်းများ၊ လူမူရေး အသင်းအဖွဲ့ဝင်များက  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းများအတိုင်း စနစ်တကျ ရှိရေး ဆောင်ရွက်ပေးခြင်း၊  ဌာနဆိုင်ရာဝန်ထမ်းများ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့များ၊ လူမူရေးအဖွဲ့များ က လည်း ကာကွယ်ဆေးထိုးလုပ်ငန်းများတွင်  ကျန်းမာရေးဌာန ဝန်ထမ်းများနှင့်အတူ နေ့စဥ် ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်ကော်မတီမှ သိရှိရသည်။       

ကိုဇော်