ကလိန်အောင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign ဆောင်ရွက်

ကလိန်အောင် ဒီဇင်ဘာ ၁၀

ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကြိုတင်ကာကွယ် နိုင်စေရန်အတွက် အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားဆောင်ရွက်မှု အနေဖြင့် Mask Campaign ကို ယနေ့နံနက် ၁၀နာရီခွဲက လူစည်ကားရာ ရေး-ထားဝယ် ကားလမ်းမကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရေး- ထားဝယ် သွားကားလမ်းမကြီးတွင် ဖြတ်သန်းသွားလာနေကြသော   မော်တော်ဆိုင် ကယ်စီးနင်းလာသည့်  Mask နှာခေါင်းစည်း မတပ်ဆင်ထားသူ (၂၇)ဦးအား Mask နှာခေါင်းစည်းတစ်ခုကို (၅၀၀) ကျပ်နှုန်း ဒဏ်ရိုက်ဝယ်ယူစေခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေး ဆောင်ရွက်ခြင်းလုပ်ငန်းကို ရေဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး‌ဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း၊ ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် ဝန်ထမ်းများ၊ ရေဖြူမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီး‌ဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာကျော်မိုးမြင့် နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့မှတာဝန်ခံ ဦးမင်းခိုင်နှင့်အဖွဲ့၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသက်ပိုင်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ နယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ် ဝင်းထွန်းနှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးမိုးခိုင်