မအူပင်ခရိုင်လူထုအခြေပြုဗဟိုဌာန(Community-Centre)ခန်းမ၌မသန်စွမ်းသူများအခွင့်အရေးများဆိုင်ရာအသိပညာပေးTalk Showဆောင်ရွက်

မအူပင် ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနမအူပင်ခရိုင်လူမှုဝန်ထမ်းရုံး တို့ပူးပေါင်း၍ မသန်စွမ်းသူများအခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲ နာရီက က မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်တာဝန်ခံဒေါ်တင်သူဇာလှိုင်က မသန်စွမ်းသူများအခွင့်အရေးများဆိုင်ရာအခန်းကဏ္ဍနှင့်ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အသိပညာပေး ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန မအူပင်ခရိုင်လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူးဒေါ်ခင်ဝင်းဝင်းအေးက မသန်စွမ်းသူများအခွင့်အရေးများဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များ၊ ကမ္ဘာပေါ် ရှိမသန်စွမ်းမှုဆိုင်ရာအချက်အလက်များ၊မြန်မာနိုင်ငံ၏မသန်စွမ်းလူဦးရေအခြေအနေ၊ မသန်စွမ်းလူဦးရေတိုးပွားရသည့်အကြောင်းအရင်းများ၊အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ဖြစ်ပေါ်လာပုံ၊မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာဥပဒေပြဌာန်းထားရှိမှု၊ဌာန၏ရှေ့လုပ်ငန်းစဥ်ဆောင်ရွက်မှုများအကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသိပညာပေး ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ခရိုင်