အုတ်တွင်း ဒီဇင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်တားဆီးရေးအချက်များကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်/ကျေးရွာများသို့ သုံးဘီးမော်ယာဉ်ဖြင့် သွားရောက်၍ လှည့်လည် အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလာသည်မှာ ကျန်းမာရေး ဌာနနှင့် ဌာနဆိုင်ရာများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ လူမှုရေးအသင်းအဖွဲ့များ၏ ကူညီပံ့ပိုးမှုများ အပြင် ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှု ကောင်းမွန်ခြင်းတို့၏ ရလဒ်ပင်ဖြစ်ကြောင်း၊ ကိုဗစ်- ၁၉ ရောဂါနှင့် စပ်လျဉ်း၍ ဗီဇပြောင်းမျိုး ကွဲသစ်ဖြစ်သည့် အိုမီခရွန်ကူးစက်ပျံ့နှံ့မှု ရက်ပိုင်းအတွင်းမှာပင် နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်းနှင့် အတူ အာဆီယံနိုင်ငံတစ်ခုဆီသို့ ရောက်ရှိလာပြီဖြစ်ရာ မိမိတို့နိုင်ငံနှင့် နီးကပ်လာလျက်ရှိနေပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ကို ဆက်လက် ကာကွယ်တားဆီးနိုင်ရန် သတိပြုကြရမည်ဖြစ်သော်လည်း ကြောက်စရာမဟုတ်ပါကြောင်း၊ မိဘပြည်သူ များအနေဖြင့် မလိုအပ်ဘဲ အပြင်ထွက်ခွာခြင်းကို မပြုကြပါရန်နှင့် မိမိနေအိမ်တွင် တတ်နိုင်သမျှ နေထိုင်ကြပါ၊ အပြင်ထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ပါ၊ လူစုလူဝေးနေရာများ သို့ ရှောင်ရှားပါ၊ လက်ကိုဆပ်ပြာဖြင့် မကြာခဏ စက္ကန့်(၂၀)ကြာဆေး ကြောကြပါရန်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ကြပါရန်စသည့် စည်းမျဉ်းစည်းကမ်းများအား ဆက်လက်လိုက်နာ ကျင့်သုံးသွားကြပါ ရန် တိုက်တွန်း နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)