ဝေါလေမြိုင် ဒီဇင်ဘာ ၉
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု ခြေပြုဗဟိုဌာန (Community Centre)တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က ဆောင်ရွက်သည်။
အဆိုပါအသိပညာပေး (Talk Show)တွင် ဝေါလေမြိုင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နှင်းဝေဦးက မိမိတို့ဌာနအနေဖြင့် ကိုဗစ်-၁၉ကာလအတွင် အသိပညာ ပေးလုပ်ငန်းများကို Online Page မှတစ်ဆင့် အသိပညာပေး အစီအစဉ်များ ဆောင်ရွက်လျက် ရှိကြောင်းနှင့် (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်လင်းပြောကြားသည်။
ထို့နောက် ဝေါလေမြိုင်မြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးကောင်းရီက မသန်စွမ်း အဓိပ္ပာယ်ဖွင့်ဆိုချက်၊ မသန်စွမ်းသူများအတွက် ပြဌာန်းထားသော ဥပဒေ၏ ရည်ရွယ် ချက်နှင့် မသန်စွမ်းသူများကို မသန်စွမ်းမှုကို အကြောင်းပြုပြီး သိလျက်နှင့် တမင်ခွဲခြားဆက်ဆံခြင်း၊ လျစ်လျူရှုခြင်း၊ နိမ့်ချဆက်ဆံခြင်းများ ပြုလုပ်ပါက ချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များ အကြောင်း ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်မျိုးသင်း