ညောင်လေးပင်မြို့၌ မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး (TSDP) အစီအစဉ်အရ ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

‌‌ညောင်လေးပင် ဒီဇင်ဘာ  ၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး (TSDP)အစီအစဉ်အရ ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက စတင်၍  မြို့နယ်အားကစားကွင်းအတွင်း ကျင်းပခဲ့ကြောင်း သိရ သည်။

ပြိုင်ပွဲအား ညောင်လေးပင်မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး (TSDP)အစီအစဉ်အရ အားကစားနှင့် ပညာရေး ပေါင်းစပ်၍ စီစဉ်ကျင်းပခြင်းဖြစ်ပြီး အားကစားနည်း အမျိုး(၂၀)အား မြို့နယ်အတွင်းရှိ ကျောင်း(၁၅)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၀၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့‌နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၂)ဦး ဇော်မင်းယု၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အားကစားမှူးနှင့် တာဝန်ရှိသူများက ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ပေးခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ ထပ်မံချီးမြင့်သည့် ဆုငွေငါးသောင်းအား မြို့နယ်အားကစားမှူးက လက်ခံကာ ဆုရကျောင်းသူ၊ ကျောင်းသားများအား ထပ်မံချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)