ကျုံပျော်တွင် ‌ တောင်သူများ၏ စိုက်ပျိုးစရိတ်ချေးငွေ အချိန်စေ့နှင့် အချိန်စေ့လွန် ကြွေးကျန်များ ပေးဆပ်နိုင်ရေး ဆွေးနွေးပွဲပြုလုပ်

ကျုံပျော်   ဒီဇင်ဘာ   

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က နှစ်စဉ်တောင်သူများ၏ စိုက်ပျိုးရေးသွင်းအားစု လုပ်ငန်းများ တွင် အသုံးပြုနိုင်ရန် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ  ထုတ်ချေးပေးထားသော အချိန်စေ့နှင့် အချိန်စေ့လွန် ကြွေးကျန်များ ပေးဆပ်နိုင်ရေး ဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ဒီဇင်ဘာ ၉ ရက် နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။ 

ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာနှင့် ဝန်ထမ်းများ ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာစိုက်ပျိုးစရိတ် ချေးငွေဘဏ် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် တာဝန်ရှိသူများက တောင်သူများ စိုက်ပျိုးရာသီချိန်တွင် သွင်းအားစု လုံလောက်၍ အဆင်ပြေစွာစိုက်ပျိုးနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အတိုးနှုန်းသက်သာစွာဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး ပေးလျက်ရှိကြောင်း၊ တောင်သူများကလည်း မိမိတို့၏ သီးနှံများထွက်ရှိရောင်းချချိန်များတွင် မိမိတို့ ၏ ချေးငွေများကို ပြန်လည်ပေးဆပ်ကြရန်လိုအပ်ကြောင်း၊ ယခု ၂၀၁၂ မှ ၂၀၂၁ ခုနှစ်အထိ ‌မိုးချေး ငွေနှင့် ဆောင်းချေးငွေ အချိန်စေ့နှင့် အချိန်စေ့လွန် ပေးသွင်းရန် ကြွေးကျန်များ ကျန်ရှိနေသဖြင့် ပေးသွင်းကြရန် တိုက်တွန်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အခက်အခဲများ ရှိပါကလည်း ညှိနှိုင်း ဆောင်ရွက်နိုင်ရန် တင်ပြပေးစေလိုကြောင်းဖြင့်ပြောကြားခဲ့သည်။ 

ထို့နောက် တက်ရောက်လာကြသူများက မိမိတို့ကျေးရွာအလိုက် ချေးငွေကြွေးကျန် ကျန်ရှိမှု အခြေအနေနှင့် ပေးသွင်းရန် ဆောင်ရွက်လျက်ရှိမှု အခက်အခဲစသည်တို့ကို အသီးသီးသီး ပြန်လည် တင်ပြရာ တာဝန်ရှိသူများက ပြန်လည်ပေါင်းစပ်ညှိနှိုင်း‌ ဆွေးနွေးခဲ့ကြသည်။ တောင်သူများအတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို ၁ ဧကလျှင် ငွေကျပ် (၁)သိန်းခွဲနှုန်း ထုတ်ချေးပေးခဲ့ပြီး၊ အတိုးနှုန်း မှာ တစ်နှစ်လျှင် ၅% ဖြစ်ကြောင်း၊ ဆောင်းချေးငွေကို ၁ ဧကလျှင် ‌ ငွေကျပ် (၁)သိန်းနှုန်း ထုတ်ချေး ပေးလျက်ရှိကြောင်းသိရသည်။ 

လပြည့်ဦး