ကသာမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများအား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်

ကသာ ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများနှင့် ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအား ယနေ့နံနက် ()နာရီအချိန်မှစ၍  ကသာမြို့တော် ခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ကသာမြို့နယ်တွင် COVID Shield ကာကွယ်ဆေးကို လူဦးရေပေါင်း (၂၆၀၀)ဦးနှင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ဒီဇင်ဘာလ ()ရက်နေ့အထိတွင် လူဦးရေပေါင်း (၁၇၃၀၅)ဦးတို့ကို ဒုတိယအကြိမ်အထိ ကာကွယ်ဆေးများ ထိုးနှံပြီးဖြစ်ကြောင်း၊ Sinovac ကာကွယ်ဆေးကို ကျောင်းသားကျောင်းသူပေါင်း (၂၃၇၂)ဦးအထိ ဒုတိယအကြိမ် ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးရသေးသည့် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ်ထိုးနှံခြင်းနှင့် ပထမအကြိမ်ထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကူညီဆောင်ရွက်ရေးလုပ်ငန်းများကိုလည်း မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ ဆေးထိုးအုပ်စုများခွဲကာ အုပ်စုအလိုက် ဆောင်ရွက်လျက်ရှိသည်။

ခရိုင်(ပြန်/ဆက်)