ကန့်ဘလူခရိုင်အတွင်း ဆောင်းသီးနှံစိုက်ပျိုးချိန်၌ သီးနှံစုံ သုံးသိန်းငါးသောင်းကျော် စိုက်ပျိုးပြီးစီး

ကန့်ဘလူ ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် ဆောင်း သီးနှံစိုက်ပျိုးရာသီတွင် သီးနှံစုံဧက ၃၅၃၂၄၁ ဧကစိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကန့်ဘလူခရိုင်အတွင်းရှိ ကန့်ဘလူမြို့နယ်နှင့်ကျွန်းလှမြို့နယ်တို့၌ ဆောင်းရာသီ သီးနှံစုံစိုက်ပျိုးပြီး စီးမှုအနေဖြင့် ပဲမျိုးစုံ (မတ်ပဲ၊ပဲတီစိမ်း၊ထောပတ်ပဲစသည်) သီးနှံအနေဖြင့် ၁၀၇၄၈၈ ဧကကိုလည်းကောင်း၊ ဆီထွက်သီးနှံ (မြေပဲ၊နှမ်း၊ပန်းနှမ်း၊နေကြာ စသည်) ၂၂၂၀၇၀ ဧကကိုလည်းကောင်း၊ စက်မှုသီးနှံ (ချက်ကြံနု၊လမိုင်း၊ ခင်းသစ်) ၂၀၅ ဧကကိုလည်းကောင်း၊ စားဖိုဆောင်သီးနှံ  ၁၇၇ ဧကကိုလည်းကောင်း၊ အခြားသီးနှံ(ဖူးစားပြောင်း၊ အစေ့ထုတ်ပြောင်း စသည်) ၂၃၂၉၀ ဧကကိုလည်းကောင်း စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ ကန့်ဘလူခရိုင်မှာရှိတဲ့ ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်တို့က နှစ်စဉ်ရာသီအ လိုက်စိုက်ပျိုးမှုအားကောင်းတဲ့ မြို့များဖြစ်ကြပါတယ်။ ကန့်ဘလူမြို့နယ်က နယ်ကျယ်တော့ စိုက်ပျိုးဧကလည်း များများစိုက်ပျိုးနိုင်ပါတယ်။ အခု ဆောင်းသီးနှံစုံအဖြစ် စိုက်ပျိုးတဲ့သီးနှံများက လျာထားချက်ရဲ့ ၈၀ ရာခိုင်နှုန်း ကျော်စိုက်ပျိုးပြီးဖြစ်ပါတယ်။ ကျန်တဲ့စိုက်ဧကများကိုလည်း လျာထားချက်ပြည့်မီကျော်လွန်ရေး အလေးထား ဆက်လက်စိုက်ပျိုးလျက်ရှိပါတယ်ဟု ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုးအောင် က ပြောသည်။

ကန့်ဘလူခရိုင်အတွင်း ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစုံ စုစုပေါင်း ၄၁၇၄၉၇ ဧကစိုက်ပျိုးရန် လျာထားစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ ၃၅၃၂၄၁ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)