ဒေးဒရဲ ဒီဇင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက လူငယ် ၊လူရွယ်များ အားကစားကို စိတ်ပါဝင်စားနိုင်စေရန်နှင့် အခြေခံအားကစား နည်းစနစ်များကို သိရှိနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၁နာရီက အားကစားဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ကြံ့ခိုင်စွမ်းရည် လေ့ကျင့် သရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ဖျာပုံခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနက လက်ထောက်ညွန်ကြားရေးမှူး ဒေါ်စန္ဒါဦး က အားကစားလှုပ်ရှားမှုနှင့် ပတ်သတ်၍ အသိပညာပေးခြင်းနှင့် မြို့နယ် အားကစားနှင့်ကာယပညာကော်မတီ အဖွဲ့ဝင်များက ကိုယ်လက်လှုပ်ရှား အားကစားနည်းများ ပြုလုပ်ခြင်းနှင့် ပတ်သတ်၍အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသားကျောင်းသူများ ဘောလုံးအားကစားနည်းနှင့် ဘော်လီဘောအားကစားနည်းများတွင် အသုံးပြုနိုင်ရန် အားကစား ပစ္စည်းများကို တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် ကျောင်းသား ကျောင်းသူများအား ကြံ့ခိုင်စွမ်းရည်လေ့ကျင့်သရုပ်ပြခြင်း ၊ အားကစားဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း