ရွှေကျင်မြို့နယ် တံခွန်တိုင်ကျေးရွာအတွင်း ကိုဗစ်-၁၉ ဗီဇ‌ပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာ ပေး နှိုးဆော်မှုများ ဆောင်ရွက်

ရွှေကျင်  ဒီဇင်ဘာ  ၉

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် တံခွန်တိုင်ကျေးရွာအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံ ဆောင်ရွက်လျက် ရှိရာ ယနေ့ နံနက်ပိုင်းက တံခွန်တိုင်ကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွနေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် လိုက်လံ နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 အသိပညာပေး နှိုးဆော်ရာတွင် လက်ရှိအခြေနေ၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါသည် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှု အများဆုံးနှင့်စိုးရိမ်ရသည့်မျိုးကွဲသစ်ဖြစ်သည့်အတွက် ရွှေကျင်မြို့နယ်အတွင်း ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိတို့၏ နေအိမ်အတွင်းမှာသာနေထိုင်ကြပါရန် လူစုလူဝေးကို ရှောင်ကြဉ်ကြရန် မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်း စည်း Mask တပ်ဆင်သွားလာကြရန် လက်ကို မကြာခဏ ဆေးကြော သန့်စင်ရန် အခြားသူများနှင့် အနည်းဆုံး ၆ပေအကွာမှ ခပ်ခွာခွာနေကြပါရန် Mask မတပ်သူများနှင့်တွေ့ဆုံခြင်းများ စကားပြောဆိုခြင်းများ ‌ရှောင်ကြဉ် ကြပါရန် ပစ္စည်းတစ်ခုခုကို ကိုင်တွယ်ပြီး တိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့် ၂၀ ကြာအောင် စနစ်တကျ လက်ဆေးပါ လက်ကို ဆေးကြောခြင်းမပြုဘဲ ပါးစပ်နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သတ်ကိုင်တွယ်ခြင်း ထိတွေ့ခြင်းများ မပြုလုပ်ရန် လေဝင်လေထွက် မကောင်းသော အခန်းများကို ရှောင်ပါ မိမိတို့၏နေအိမ်များကို ပြတင်းတံခါးများဖွင့်ထားပြီး လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ကြပါရန်စသည့် လိုက်နာရမည်  အချက်များ ရှောင်ကြဉ်ရမည့်အချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားရှိသည့် ညွှန်ကြားချက်များအား ပြည်သူများသိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသံချဲ့စက်/စောင်းဘောက်ဖြင့် လိုက်လံအသိပညာပေး နှိုးဆော် ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော်