ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးဆောင်ရွက်

ကျိုက်လတ်  ဒီဇင်ဘာ  

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရွှေဝါလတ်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး‌ကျော်ဇေယျက ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းလမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ဌာနဆိုင်ရာများအနေဖြင့် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရန်၊ ရုံးဝန်ထမ်းများလုံခြုံရေး၊ ရုံးလုံခြုံရေးအထူးဂရုပြု ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ ထိုးနှံကြ‌ရန်၊ ပွင့်လင်းရာသီရောက်လာပြီဖြစ်၍ မီးဘေးလုံခြုံရေး အထူးဂရုစိုက်ကြရန်နှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ကြိုးပမ်းဆောင်ရွက်ကြရန်ပြောကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးရဲမင်းက၊ရုံးဌာနများ လုံခြုံရေးကိစ္စများ အထူးဂရုပြုဆောင်ရွက်ရန်၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီအကောင်အထည်ဖော်ဆောင်ရွက်နေမှုများကိုသိရှိထားကြရန်နှင့်လက်အောက်ဝန်ထမ်းများကိုလည်းချပြရှင်းလင်းရန် ဆွေးနွေးမှာကြားခဲ့ရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ဌာနတစ်ခုချင်းအလိုက် ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

 

ဌေးဌေးလှိုင်