မြိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်နည်းပညာ သင်တန်းဆင်းပွဲ ကျင်းပ

မြိုင်  ဒီဇင်ဘာ  ၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့၌ သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ယမန်နေ့နံနက် နာရီအချိန် က အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ထုတ်လုပ်နည်းပညာသင်တန်းဆင်းပွဲကို ကျင်းပခဲ့သည်။

အဆိုပါသင်တန်းတွင် လူသုံးကုန်ပစ္စည်းမျာဖြစ်သော Soap Crean ရေမလိုလက်သန့်ဆေးရည်၊ လက်ဆေးဆပ်ပြာ၊ ဆပ်ပြာခဲအမျိုးမျိုး၊ ရေချိုးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ ပြုလုပ်သည့် နည်းပညာများကို ဒီဇင်ဘာလ   ရက်နေ့မှ    ရက်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့ပြီး မြို့နယ်အတွင်း ကျေးရွာများမှ သင်တန်းသား ၂၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် မြိုင်မြို့နယ် လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးအရာရှိ ဦးကျော်မင်းထွန်း က အဖွင့်အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း လူသုံးကုန်ပစ္စည်းများအား ကျေးလက်နေ ပြည်သူများ အနေဖြင့် မိမိတို့ကိုယ်တိုင် ထုတ်လုပ်နိုင်ရန်နှင့် နည်းပညာများအား ကျေးလက်နေ ပြည်သူလူထုများကြားတွင် ဖြန့်ဝေနိုင်ရန် ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ် နည်းပညာသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် ကျေးလက်နေပြည်သူများအတွက် အခြားအသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများအား ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းတို့ကို ထည့်သွင်း ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသားများအား သက်ဆိုင်ရာ တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းဆင်းအမှတ်တရအဖြစ် ထုတ်လုပ်နိုင်ခဲ့သည့် လူသုံးကုန်ပစ္စည်းများအား ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သူရ