မဲဇလီကုန်းမြို့တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား phase-5 (ပထမအကြိမ်)ကိုဗစ်-၁၉ကာ ကွယ်ဆေးထိုးနှံပေး

အင်္ဂပူ၊  ဒီဇင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ ဗိုလ်‌အောင်ကျော်ခန်းမ ဆေးထိုးစုရပ်တွင် အသက် (၁၈)နှစ် အထက်ပြည်သူများအား Phase-5 (ပထမအကြိမ်)ကိုဗစ်- ၁၉ ကာကွယ်ဆေးကိုယနေ့ နံနက် ၉ နာရီ အချိန်မှ စတင်ပြီး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေး မထိုးရသေးသည့်သူများအား Phase-5(ပထမအကြိမ်)အဖြစ် အသက်၁၈နှစ် အထက်ရှိသူများ၊ ရဟန်းသံဃာများ၊ သီလရှင်များနှင့်‌ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်းနှင့်ကျန်းမာရေး ဝန်ထမ်းများမှ ကာကွယ်ဆေးလာရောက် ထိုးနှံသူ များကိုအပူချိန်တိုင်းပေးခြင်း၊ သွေး ပေါင်ချိန်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ကာကွယ်‌ရေးနည်းလမ်းများနှင့်အညီ ကာကွယ်ဆေးထိုးနှံပေး လျက်ရှိကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများမှ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ယနေ့အင်္ဂပူမြို့နယ်တွင် ဆေးထိုးစုရပ်(၅၁) နေရာဖွင့်လှစ်ပြီး ပြည်သူများအား ကိုဗစ် -၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံမှသိရသည်။

မန်းကျော်-အင်္ဂပူ(ပြန်/ဆက်)