စစ်ကိုင်း ဒီဇင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးအေးလှိုင်သည် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၉ နာရီက စစ်ကိုင်းပညာရေး တက္ကသိုလ်စာကြည်တိုက်ဖွင့်ပွဲ တက်ရောက် အားပေးချီးမြင့်ခဲ့ကြောင်း သိရသည်။
စာကြည့်တိုက်ဖွင့်ပွဲသို့ တိုင်းဒေသကြီးလူမှုရေးဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး စစ်ကိုင်းပညာရေး တက္ကသိုလ်တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်က စာကြည့်တိုက်၏ နောက်ခံသမိုင်းကြောင်းကို ရှင်းလင်း ပြောကြားကာ ရည်မှန်းချက်အနေဖြင့် တက္ကသိုလ် စာကြည့်တိုက်သည် တက္ကသိုလ်၏ သင်ကြားမှု၊ သင်ယူမှု၊ သုတေသနနှင့် ဝန်ဆောင်မှုများကို အားကောင်းစေရန်နှင့် စာအုပ်စာတမ်းများ စုဆောင်းခြင်း၊ သတင်းအချက်အလက် အရင်းအမြစ်များကို အသုံးပြုရန် ဖြည့်ဆည်းပေးခြင်း၊ သတင်း အချက်အလက် အရင်းအမြစ်များကို ထိရောက်စွာ အသုံးပြုရန် သင်ကြားပေးခြင်းနှင့် သုတေသနအကူ အညီများပေးခြင်းဖြင့် ဉာဏ်ရည် ဉာဏ်သွေး တိုးတက်မှုနှင့် တီထွင်ဖန်တီး နိုင်စွမ်းကို မြင့်တင်ပေးရန် ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် တက္ကသိုလ်စာကြည့်တိုက်အား တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ တာဝန်ခံ ပါမောက္ခချုပ်နှင့် ဒုတိယ ပါမောက္ခချုပ်များက သက်မှတ်ချိန် ကျရောက်သည်နှင့် တစ်ပြိုင်တည်း ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့ကြပြီး မှတ်တမ်း ကျောက်စာတိုင်အား အမွှေးနံသာရည်များ ပတ်ဖျန်းပေးကြကာ တက္ကသိုလ် စာကြည့်တိုက်အတွင်း လှည့်လည် ကြည့်ရှုအား ပေးခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်