သာယာဝတီ ဒီဇင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် အသက်(၁၈)အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ငြိမ်းချမ်းရေးကျောင်း၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရ သည်။
သာယာဝတီမြို့နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသော ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ၊ ပရဟိတအဖွဲ့ဝင်များ၊ ဈေးသည်များ၊ ပို့ဆောင်ရေး အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကဝန်ထမ်းများကို ထိုးနှံပေးခြင်းဖြစ်ရာ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့တို့မှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။
ကာကွယ်ဆေး ထိုးနှံရာတွင် လူစုလူဝေးမဖြစ်စေရန် စီစဉ်ဆောင်ရွက်ထားရှိပြီး ကျန်းမာရေးဝန်ကြီးဌာန ၏ လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန့်ဇော်