ပေါက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်မိတ်ဆက်ပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ ကျင်းပ

ပေါက်  ဒီဇင်ဘာ  ၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ရာဇာဝင်း(ယင်းမာ) ရေးသားထုတ်ဝေသော ပေါက်မြို့နယ် သမိုင်းဝင် ရွှေမုဠော-ရွှေပေါင်လောင် ဘုရားနှစ်ဆူသမိုင်းသစ် အကြောင်းအရာပါ စာအုပ်မိတ်ဆက်ပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ယမန်နေ့နံနက် နာရီအချိန် က ကျင်းပခဲ့သည်။

 အခမ်းအနားတွင် ပေါက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ဥမ္မာကျော် က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးအောင်ဆွေ က မြို့နယ်အတွင်း အထင်ကရရှိသောနေရာများ၊ ဘုရားသမိုင်းဝင် အကြောင်းအရာ များကို လူအများသိရှိစေရန်အတွက် ရေးသားထုတ်ဝေသော စာရေးဆရာများအား အထူးကျေးဇူး တင်ရှိကြောင်းနှင့် နောင်မျိုးဆက်သစ်လူငယ်လေးများလည်း ယခုလို ဆက်လက်ထုတ်ဖော် ရေးသားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စာရေးဆရာ ရာဇာဝင်း (ယင်းမာ)က မြို့နယ်အတွင်း သမိုင်းတိကျခိုင်မာသော ဘုရားနှစ်ဆူသမိုင်းအပြင် ဒေသဆိုင်ရာ ဘာသာသာသနာနှင့် ယဉ်ကျေးမှုများ ပါဝင်သော အခက်အခဲများကြားမှ ပေါ်ထွက်လာသော စာအုပ်တစ်အုပ်ဖြစ်ကြောင်း မိတ်ဆက်ရှင်းလင်း ပြောကြားခဲ့ခြင်းနှင့် မြို့နယ်အတွင်းရှိ အထင်ကရရှိသော နေရာများကို အချက်အလက်များ စူးစမ်း လေ့လာပြီး ဆက်လက်ရေးသား ထုတ်ဝေသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စာရေးဆရာ ရာဇာဝင်း (ယင်းမာ)နှင့် တာဝန်ရှိသူများက တက်ရောက်လာကြသော အလှူ ရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရစာအုပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဉာဏ်တိုး