သံတောင်ကြီး ဒီဇင်ဘာ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ ကျောင်းသူ ကျောင်းသားများ အနေဖြင့် စာကြည်တိုက်နှင့် ရင်းနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန် အားလပ်ချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားစေရန်၊ ကိုယ်ပိုင်တီထွင်တတ်သည့် အတွေးအခေါ်များ ရှိစေရန်၊ စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အထများဖြစ်စေရန်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများ သိစေရန်ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူးနော်လော်မူက ကလေးသူငယ်များအနေဖြင့် အချိန်ကို တန်ဖိုးရှိစွာ အသုံးပြုကြရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ယခုကဲ့သို့ ပြိုင်ပွဲများပြု လုပ်ပေးခြင်းဖြင့် ဉာဏ်ရည် ဉာဏ်သွေးများ မြင့်မားလာစေရန်ရည်ရွယ်၍ ပြုလုပ် ပေးခြင်းဖြစ် ကြောင်း ပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ဆေးရောင်ခြယ် ပြိုင်ပွဲကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)