အုတ်ဖိုမြို့မစျေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီစျေးရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေး

အုတ်ဖို ဒီဇင်ဘာ ၉

ပဲခူတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အိုးသည်ကုန်းမြို့ မြို့မဈေးတွင် ယနေ့ နံနက်ပိုင်းက အိုးသည်ကုန်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ စျေးရောင်းချမှုရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ စျေးဆိုင်များမှာ ကိုဗစ်ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း စျေးပြင်ပတွင်သာ ရောင်းချခဲ့ရ တာဖြစ်ပြီး ယခုအခါ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းလာသဖြင့် မြို့မစျေး အတွင်း ပြန်လည်ရောင်းချစေခဲ့တာ ဖြစ်တဲ့အတွက် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး လိုက်လံစစ်ဆေးခဲ့တာဖြစ်ကြောင်းနှင့် အလားတူ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စည်းကမ်းမဲ့ မီးသုံးစွဲမှုမရှိစေရေး၊ မီးသတ်ဆေးဘူးများ စနစ်တကျသုံးစွဲစေရေး၊ မီးသတ်ရေစင်နှင့် မီးသတ်စက်များ ကြံ့ခိုင်ကောင်းမွန်မှုရှိစေရေး၊ လျှပ်စစ်သုံးစွဲမှု စနစ်တကျရှိစေရေးတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများက စနစ်ကျရှင်းလင်း ပြသပေးခဲ့ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)