အိမ်မဲ ဒီဇင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် လင်းအရုဏ်ဦး (ပဲခူး)၏ “အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ဖို့ ယခုပင်ဆောင်ရွက်စို့”ခေါင်းစဥ်ဖြင့်ဆွေးနွေးပွဲကို Women Club အဖွဲ့ဝင်များဖြင့် ဒီဇင်ဘာလ ၉ ရက် နံနက် ၁၀ နာရီအချိန်ကကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲတွင် အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာထောက်-၃ ဒေါ်အေးအေးမူ ကဆွေးနွေးပွဲကျင်းပ ပြုလုပ်ခြင်းနှင့်ပတ်သက်၍အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့သည်။ဆက်လက်ပြီးစာထောက်-၃နှင့် Women Club အဖွဲ့ဝင်များက “အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ဖို့ ယခုပင်ဆောင်ရွက်စို့”ဆောင်းပါးမှ ‘ဘီစီ ၆ ရာစုခန့်ကစာလိပ်တစ်ခု'၊'စစ်ပြေငြိမ်းရေး ဗာဆိုင်းစာချုပ်'၊ကမ္ဘာအမျိုးသမီးညီလာခံများ'၊ခေါင်းစဥ်များဖြင့်အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ချစ်သက်လယ်