ပေါင်းတည် ဒီဇင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ခု (၆)လ ဘဏ္ဍာရေးနှစ်၌ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ သန်း(၄၀)ဖြင့် ကျေးရွာ(၄)တွင် ရွာတွင်းလမ်းမြေနီ ကျောက်စရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်က ပြည်ခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဟန်မြင့်ထွန်းနှင့် မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းတို့သည် ချေပင်ကျေးရွာနှင့် ခြောက်လုံးပြူးကျေးရွာတို့သို့ သွားရောက်ပြီး လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ချေပင်ကျေးရွာတွင် ရွာတွင်းလမ်း (၀/၅.၃၈)မိုင်× ၁၂ပေ× ၉ လက်မ မြေနီခင်းခြင်းလုပ်ငန်းနှင့် ခြောက်လုံးပြူးကျေးရွာတွင် ရွာတွင်းလမ်း (၀/၄.၈၅)မိုင် ၁၂ ပေ× ၉ လက်မ ၊ ၁ ပေ ၆ လက်မ ×၁၂ပေ ရေပြွန်(၂)စင်း ဆောင်ရွက်ခြင်းလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကျေးရွာ ကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးမှာကြားခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ဦးစီးမှူးထံမှ သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)