အိမ်မဲမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး

အိမ်မဲ ဒီဇင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်သမဝါယမဦးစီး ဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စာအုပ်စာစောင်များငှားရမ်းပေးရာတွင် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ဝန်ထမ်းများအတွက်အိမ်မဲမြို့နယ် ပြန်/ဆက် ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကိုဗစ်(၁၉)ရောဂါကြိုတင် ကာကွယ်ရေး နည်းလမ်းများနှင့်အညီ သုတ၊ရသ၊ဝတ္တုနှင့်မဂ္ဂဇင်းများကိုငှားရမ်းပေးခဲ့ကြောင်းသိရသည်။

အဆိုပါစာအုပ်စာစောင်များကိုအပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း ရုံးဌာနများအရောက် Mobile Library စနစ်ဖြင့် ငှားရမ်းပေး သွားမည်ဖြစ်ပြီး စာကြည့်တိုက်အသင်းဝင်ကတ်ပြားများကိုလည်းပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)