ပန်းတောင်းမြို့နယ်တွင် နေကြာသီးနှံ သီးညှပ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

ပန်းတောင်း ဒီဇင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နေကြာသီးနှံသီးညှပ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံက်ပိုင်းက သရက်လိန် အုပ်စု၊ သရက်လိန်ကျေးရွာတွင် ပြုလုပ် ခဲ့ကြောင်းသိရသည်။

အဆိုပါနေကြာသီးနှံ သီးညှပ်စိုက်ပျိုးရာ ဒေါ်မိုင်ဝင်းရွှေ၏လယ်တွင် ဧက(၆)ဧက ဆင်းရွှေဝါ (၂)နေကြာမျိုးများကို မတ်ပဲစိုက်ပျိုးထားသော လယ်မြေပေါ်တွင် စိုက်ပျိုးရေးဝန်ထမ်းများက နေကြာမျိုးများစိုက်ပျိုးခဲ့ပြီး စိုက်ပျိုးရေးဦးစီးအရာရှိ ဒေါ်အေးအေးသင်းက နေကြာသီးနှံ သီးညှပ်စိုက်ပျိုးရခြင်း အကြောင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် တက်ရောက်လာသော ဌာနဆိုင်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် နေကြာသီးနှံသီးညှပ်စိုက်ပျိုးခြင်း သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ မြေစာရင်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် တို့တက်ရောက်ခဲ့ကြောင်းသိရသည်။

သင်းသင်းအေး (ပြန်/ဆက်)