မြိတ်မြို့တွင် ကျောင်းသား/သူများအား ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရေးအတွက် အားကစားဆိုင်ရာ အသိပညာပေးဟောပြော

မြိတ်  ဒီဇင်ဘာ 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျောင်းသား/သူလူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုး စေရေးနှင့် မျိုးဆက်သစ် အားကစား သမားကောင်းများ ပေါ်ထွန်းလာစေရေးအတွက် ယမန်နေ့နေ့လယ်ပိုင်းက အထက(၆) အုန်းတောကျောင်းတွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား/သူများအား အားကစား ဆိုင်ရာ အသိပညာပေး ဟောပြောခဲ့သည်။

အသိပညာပေး ဟောပြောပွဲတွင် အထက(၆)အုန်းတောကျောင်း ကျောင်းအုပ်ကြီး ဦးအောင်မင်းရှိန် က အမှာစကားပြောကြားပြီး မြို့နယ်အားကစားမှူး ဦးထွန်းရှိန်က ကျောင်းသား/သူ လူငယ်များအား ကျန်းမာကြံ့ခိုင် ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရေးအတွက် အားကစားများပြုလုပ်ကြရန်နှင့် အားကစားဆိုင်ရာအကြောင်း အသိပညာ ပေး ပြောကြားသည်။

ထို့နောက် နည်းစနစ်မှူး ဒေါ်နှင်းအိဆွေက အားကစားပြုရလုပ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားပြီး ပြေး၊ ခုန်၊ ပစ် နည်းပြဆရာမ ဒေါ်သန်းသန်းက ပြေး၊ ခုန်၊ ပစ် အားကစားနည်းအကြောင်းကို ရှင်း လင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်အားကစားမှူးက အားကစားပစ္စည်းများကို ကျောင်းအတွက် လှူဒါန်ရာ ကျောင်းအုပ်ကြီးက လက်ခံရယူ၍ ကျောင်းသား/ သူများအား မြို့နယ်လက်ဝှေ့ကော်မတီက ရိုးရာလက်ဝှေ့နှင့် လက်ဝှေ့ကစားနည်းကို သရုပ်ပြ ရှင်းလင်းကစားပြခဲ့ကြောင်း သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )