ဒိုက်ဦး ဒီဇင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြည်သူများအား ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ဒိုက်ဦးမြို့နယ် ပြည်သူ့အားကစားကွင်း မိုးလုံလေလုံ ခန်းမကြီး အတွင်းနှင့် ဖောင်တော်သီတိုက်နယ်ဆေးရုံတို့၌ ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိ နေသောသူများနှင့် ကာကွယ်ဆေး လုံးဝမထိုးရသေးသူများအား ပထမအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။
ဖောင်တော်သီတိုက်နယ်ဆေးရုံ၌ ရှမ်းစု၊ ပေါက်တစ်ပင်၊ ဖောင်တော်သီ အနီးတစ်ဝိုက် ကျေးရွာများမှ သူများအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်က လာရောက်ကြည့်ရှု အားပေးစကား ပြောကြားခဲ့ပြီးနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ မီးသတ်နှင့် စေတနာရှင်လူငယ်အဖွဲ့တို့မှ ဝိုင်းဝန်းကူညီပေးကြ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)