ဒိုက်ဦး ဒီဇင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်ရှိ စည်ပင်သာယာစျေးများအား ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ခရိုင်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်မီးသတ်တပ်ဖွဲ့မှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းသူဟန်၊ ဒိုက်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့မှူး ဦးချမ်းမြေ့ထွန်း၊ ဒိုက်ဦးမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးတင်ထွဋ်မြင့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလတ်၊ စျေးများဌာန ဒုဦးစီးမှူး ဦးရဲထွန်းနှင့် စျေးအကျိုးဆောင်အဖွဲ့၊ စည်ပင်သာယာ ဝန်ထမ်းများက စည်ပင်သာယာ မြို့မစျေးများအတွင်း အပြင်ဖွဲ့စည်းပုံ၊ စျေးအတွင်း ရေထုတ်ယူ သုံးစွဲနိုင်မည့် ရေငုတ်များ တည်ဆောက်ထားသော ရေလှောင်ကန်များနှင့် ဆန့်ဝင်ရေ ပမာဏထုထည်၊ ရေပိုက်များ အခြေအနေ၊ လျှပ်စစ်မီးသုံးစွဲမှုမှတ်တမ်း၊ စည်ပင်သာယာစျေးများဌာန၏ မီးဘေးကြိုတင် ကာကွယ်ရေး ဆောင်ရွက်ချက် နေ့စဉ်မှတ်တမ်းများ စသည့်တို့ကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)