ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၉
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ နမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကြာအင်းဆိပ်ကြီး မြို့ပေါ်ရပ်ကွက်များတွင် ပိုးကရင်နှင့် မြန်မာဘာသာတို့ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ အသိပညာပေး နှိုးဆော်ချက်များတွင် ပြည်သူများအနေဖြင့် မိမိတို့နေအိမ်များ တွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက ပါးစပ်နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ပြင်ပမှလာသော ဧည့်သည်များအား လက်မခံပါရန်၊ ပါးစပ် နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ လူစုလူဝေး ပြုလုပ်ခြင်းနှင့်သွားလာခြင်းများ ကို ရှောင်ကြဉ်ရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူ ရန်စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များကို စဉ်ဆက်မပြတ် နေ့စဉ်လိုက်လံနှိုးဆော်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး