ကြာအင်းဆိပ်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်ရေး အသိပညာပေး နံရံကပ်စာစောင် ခင်းကျင်းပြသ

ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၉

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များအား သစ်ပင်သစ်တောများအား ချစ်မြတ် နိုးတက်သော စိတ်များဖြစ်ပေါ်လာစေရေး မိမိတို့၏ ပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်များအား ထိန်း သိမ်းတတ်လာစေရေးအတွက် ရည်ရွယ်ပြီး နံရံကပ်စာစောင်နှင့် ဓာတ်ပုံများ ခင်းကျင်းပြသခြင်းကို ယမန်‌နေ့ နေ့လယ်ပိုင်းအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပသည်။

အဆိုပါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်း နံရံကပ်စာစောင်များနှင့် ဓာတ်ပုံများတွင် သစ်တောသစ်ပင် ပြုန်းတီးနေမှု အကြောင်းအရာများ ရာသီဥတုပြောင်းလဲ ဖြစ်ပေါ်နေမှုအခြေအနေများ သဘာဝပတ်ဝန်းကျင်များအား မြတ်နိုး ထိန်းသိမ်းနိုင်လာစေရေးအတွက် ဓာတ်ပုံများစာစောင်များအား အများပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ ကြည့်ရှုလေ့လာ မှတ်သားနိုင် စေရေး အတွက် ခင်းကျင်းပြသပေးလျက်ရှိကြောင်း သိရသည်။

မျိုးမင်းဦး