လှိုင်းဘွဲ ဒီဇင်ဘာလ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ် အထက်အခြေခံပညာ အလယ် တန်း၊ အထက်တန်း ကျောင်းသား/သူများအနေဖြင့် ကျောင်းတက်ချိန်တွင် ကျန်းမာပျော်ရွှင်စွာ ပညာ သင်ကြားနိုင်ရေး၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယမန်နေ့က လှိုင်းဘွဲမြို့၊ ရွှေဂွန်၊ ထီလုံ၊ ပိုင်ကျုံမြို့ အခြေခံပညာ အထက်တန်းကျောင်းတို့၌ ကာကွယ် ဆေး ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ပြည်သူ့ ကျန်းမာ ရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစောငြိမ်းထွန်းနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ သက်ဆိုင်ရာ ကျန်းမာရေးဦးစီးမှူးများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/မများနှင့်တာဝန်ရှိသူများက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်း လမ်းညွှန်ချက်နှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက် ထိုးနှံကြသည့် ကျောင်းသား/သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးစီးသူများကို မိနစ်(၃၀)ခန့် အနားယူစေခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းများမှ အသက်(၁၂)နှစ် အထက် ကျောင်းသား/သူများ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို လှိုင်းဘွဲမြို့ အခြေခံ ပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူ(၁၃၀)ဦး၊ ရွှေဂွန်းကျေးရွာ အခြေခံပညာ အထက် တန်းကျောင်းတွင်(၆၂)ဦး၊ ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်(၁၆၂)ဦး၊ ထီလုံကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်းတွင်(၂၁၁)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)