ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းဆောင်ရွက်

ပိုင်ကျုံ   ဒီဇင်ဘာ   

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီးထိန်း ချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ သိရှိလိုက်နာရေးအတွက် ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်း အချိန်က မြို့ပေါ် ရပ်ကွက်အတွင်း Hand Speaker ဖြင့်လှည့်လည်နှိုးဆော်ခဲ့ကြသည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု မခံရစေရေး၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးလမ်းညွှန်ချက်များအား တိတိကျကျ လိုက်နာကြရန်နှင့် ဧည့်သည်များ လက်ခံခြင်းမပြုရန်၊ နေအိမ်ပြင်ပသို့ ထွက်လျှင် နှာခေါင်းစည်း (Mask) တပ်ခြင်း၊ စနစ်တကျ လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှု ခံယူခြင်းကို အထူးဂရုပြု ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို မိဘပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိလိုက်နာရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဝန်ထမ်း များက မြို့ပေါ် ရပ်ကွက်အတွင်း Hand Speaker ဖြင့် မြန်မာ၊ ကရင်နှစ်ဘာသာဖြင့် အရှိန်အဟုန်မြှင့် အသိပေးလှည့်လည် နှိုးဆော် ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)