ရှမ်းရွာသစ် ဒီဇင်ဘာ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ စာကြည့်တိုက်နှင့်ရင်းနှီး ကျွမ်းဝင် မှုရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စာကြည့်တိုက်သို့ လာရောက်ပြီး စာအုပ်စာစောင် ငှားရမ်းတတ်သည့် အလေ့အကျင့် ရှိစေရန်နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ ခုံလုပြိုင်ပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်း (၁၀) နာရီအချိန်က ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်အေးအေးနွဲ့က ကျောင်းသား လူငယ်ကလေး ငယ်များ အသိပညာဗဟုသုတရရှိရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ ကိုယ်ကာယ ကြံ့ခိုင်သန်စွမ်းပြီး ကျန်းမာ စေရန်နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြိုင်ပွဲကိုပြုလုပ်ပေးရ ခြင်းဖြစ်ကြောင်းစသည်ဖြင့် ရှင်းလင်းပြောကြား ခဲ့ပြီးနောက် ခုံလုပြိုင်ပွဲကို ဆက်လက်ပြုလုပ်ဆောင်ရွက်ခဲ့ရာ မူလတန်းအဆင့် ကျောင်းသား/သူ စုစုပေါင်း(၁၅)ဦးတို့က ပျော်ရွှင်စွာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။
အေးအေးနွဲ့