ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်

ရှမ်းရွာသစ်  ဒီဇင်ဘာ ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ စာကြည့်တိုက်နှင့်ရင်းနှီး ကျွမ်းဝင်မှု ရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စာကြည့်တိုက်သို့ လာရောက်ပြီး စာအုပ်စာစောင် ငှားရမ်းတတ်သည့် အလေ့အကျင့် ရှိစေရန်နှင့် စာပေမှရရှိသည် အကျိုးကျေးဇူးများကို သိရှိစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်း (၈) နာရီအချိန်ခန့်က ရှမ်းရွာသစ်မြို့ပြည်သူ့ စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်အေးအေးနွဲ့က ကလေးငယ်များ ဉာဏ်ရည်ဉာဏ် သွေး ထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှုအားကောင်းစေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှု ရရှိစေရန်၊ ပူးပေါင်းပါဝင် ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရှိစေရန်၊ ပြည်သူ့စာကြည့် တိုက်အား အများပြည်သူဝင်ထွက်သွားလာနိုင်သည့် နေရာ၊ ပညာဗဟုသုတရှာမှီးရာနေရာတစ်ခုအဖြစ် သိရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်း ပြောကြားပြီးနောက် ဆုမြတ်မွန် ရေးသားသော "အစိမ်းရောင်ဥယျဉ်လေး" စာအုပ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဆက်လက်ပြုလုပ်ခဲ့ရာ မူလတန်းအဆင့် ကျောင်းသား/သူ(၁၂)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကိုလည်း ဆုများ ချီးမြှင့်ခဲ့ ကြောင်း သိရှိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)