ပုသိမ် ဒီဇင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း လိုက်ပါ၍ ၂၀၂၁ ခုနှစ်၊ အောက်တို ဘာ လက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း မီတာ ၄၀၀ ပြေးလမ်း ကတ္တရာ ခင်းခြင်း ဆောင်ရွက်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေး ပြည့်မီရန်နှင့် အချိန်မီ ပြီးစီးစေရေး လမ်းညွှန်မှာကြားခဲ့ရာ ယခုအခါ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ကိုးသိန်းအားကစားပြိုင်ကွင်းကို အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှစတင်ကာ REVA Co. Ltd., မှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ခွင့်ပြုငွေကျပ်သန်း ၉၄၀.၅ သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဒီဇင်ဘာလတွင် လုပ်ငန်းအားလုံး အပြီးသတ်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
ပုသိမ်ခရိုင် ပြန်/ဆက်