ဘောဂလိ ဒီဇင်ဘာ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အနေဖြင့် အသက်အရွယ်အလိုက် စာအုပ် စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟု သုတအတွေးအမြင်များရရှိပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ်အမျှော် အမြင်များ ရရှိလာစေရေးနှင့် စာအုပ်စာစောင်းများကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့် ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ကျင်းပ ပြုလုပ် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းကို ယမန်နေ့ ညနေပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပရာ စာအုပ်စာစောင် ချစ်မြတ်နှိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ စာရေးဆရာ တက်တိုး၏ လောကနီတိ စာအုပ်ဖြင့် အဖွဲ့ဝင်များက စာအုပ်ထဲတွင်ပါရှိသည့် ပညာပေးစာသားများ၊ ဆောင်းပါးများ အကြောင်း စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသက်း Book Clubအဖွဲ့ဝင်များမှ အဖွဲ့ဝင် တစ်ဦးချင်းစီအလိုက် အလှည့်ကျ တစ်ပုဒ်စီဖတ်ကြားပြီး ဆောင်းပါးပါအကြောင်းအရာများကို မိမိတို့၏ ထင်မြင်ယူဆချက်များ တွေးခေါ်မှုများအား အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဘောဂလိ (ပြန်/ဆက်)