ဝါးခယ်မ ဒီဇင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲ(၂) နာရီက ဝါးခယ်မမြို့နယ် သမဝါယမဦးစီးဌာနရုံး၌ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ စာအုပ်စာစောင်များငှားရမ်းပေးရာတွင် စာကြည့်တိုက်သို့မလာရောက်နိုင်သော စာဖတ်ဝါသနာပါ သူဝန်ထမ်းများ အဆင်ပြေစွာ စာအုပ်များငှားရမ်းဖတ်ရှုနိုင်ရန်နှင့် အသိပညာတိုးပွားနိုင်ရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများကဌာနဆိုင်ရာ ရုံးများတွင် သုတ၊ ရသ စာအုပ်များ၊ ဝတ္တု၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကို (အခမဲ့) ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
အဆိုပါစာအုပ်စာစောင်များကို Mobile Library စနစ်ဖြင့်အပတ်စဉ်ငှားရမ်းပေးသွားမည်ဖြစ်ပြီး စာကြည့်တိုက် အသင်းဝင် ကတ်ပြားများကိုလည်းအခမဲ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
စောသန္တာဦး