ဝါးခယ်မမြို့နယ်‌ ကျေးရွာအုပ်စု(၃) အုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဝါးခယ်မ  ဒီဇင်ဘာ ၉

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဌာနမှ  “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက်()နာရီက ‌ ကျေးရွာအုပ်စု (၃)အုပ်စုရှိ ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများ  အရောက်ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင်မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦး‌ကျော်စိုး၏ဦးဆောင်မှုဖြင့်ဝန်ထမ်းများက အဖွဲ့များခွဲကာ‌ ကျွန်းကုန်းကျေးရွာအုပ်စု၊ အထက်‌ပေကုန်းကျေးရွာအုပ်စု ၊အောက်ဝဲကျေးရွာအုပ်စုရှိ  ကျေးရွာနေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် အသက် (၁၀) နှစ်ပြည့် (၆၇)ဦး၊ အသက် (၁၈)နှစ်ပြည့် (၆၁)ဦး၊လဲလှယ်(၉၉)ဦး၊ မိတ္တူ(၁၂)ဦး၊ စုစုပေါင်း (၂၃၉)ဦး နှင့်ပြောင်းရွှေ့အိမ်ထောင်စု(၃၀၀)စုတို့အား ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း သိရသည်။

စောသန္တာဦး