ကျွန်းလှ ဒီဇင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ တက်ရောက် ပညာသင်ကြား လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ ကျောင်းများဖွင့်လှစ်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ပညာသင်ကြားလျက်ရှိကြောင်း၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းကော် မတီများ၊ ကျောင်းသားမိဘများ ပူးပေါင်းပြီး လုံခြုံရေး ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ယနေ့အထိ အခြေခံပညာအထက်တန်းကျောင်း နှစ်ကျောင်း၊ အလယ်တန်းကျောင်း ၄ ကျောင်း၊ အလယ်တန်းကျောင်းခွဲ နှစ်ကျောင်း၊ မူလတန်းလွန်ကျောင်း တစ်ကျောင်း၊ မူလတန်းကျောင်း တစ်ကျောင်း၊ စုစုပေါင်း ကျောင်း ၁၀ ကျောင်း ဖွင့်လှစ်လျက်ရှိကြောင်း၊ မူလတန်း ၅၈၅ ဦး၊ အလယ်တန်း ၄၃၆ ဦး၊ အထက်တန်း ၂၄၆ ဦး၊ စုစုပေါင်း ၁၂၆၇ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က ပြောကြားသည်။
မျိုးဝင်းညို ကျွှန်းလှ