ဟိုင်းကြီးကျွန်းမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး လျက်ရှိ

ဟိုင်းကြီးကျွန်း   ဒီဇင်ဘာ   ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ ၊အမှတ်(၃) ရပ်ကွက်၊  ကျောက်ချောင်းကျွေးရွာ၊ ဓမ္မဝိဇယရာမ ဘုန်းတော်ကြီးကျောင်း တွင် အသက် ၁၈ နှစ်နှင့်အထက် ရပ်ကွက်နေ ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့  နေ့လည်ပိုင်းက စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေး လျက်ရှိပြီး ကာကွယ်ဆေးလာရောက်ထိုးနှံသူ အမှတ်(၃)ရပ်ကွက်မှ ကျား (၁၀၂)ဦး၊ မ (၁၃၃)ဦး၊ စုစုပေါင်း(၂၃၅)ဦးတို့အား ထိုးနှံပေးလျက်ရှိပြီး ကျောက်ချောင်းတိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပမ္မဝတီသားနယ်မြေခံတို့က ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ ကြကြောင်းသိရသည်။

နွေးနွေး