ဝက်လက်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

ဝက်လက် ဒီဇင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်အဆင့်  ဌာနဆိုင်ရာများ၊ ဝက်လက်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲများ တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေမှူး ဦးမျိုးဦးက အဖွင့်မှာစကား ပြောကြားပြီးနောက် ခရိုင်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းများ ဆောင်ရွက်ဌားမှုကို ရှင်းလင်းပြောကြားသည်။ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ကလည်း မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးဦးက မိမိတို့ဌာန လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အခြားဌာနများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနရှိ ဝန်ထမ်းအင်အားဖြင့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများ အချင်းချင်း စည်းစည်း လုံးလုံး ညီညီညွတ်ညွတ်ဖြင့် လုပ်ငန်းများဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားသည်။

မြို့နယ်(ပြန်/ဆက်)