အင်္ဂပူမြို့၌ စားသုံးသူရေးရာ အသိပညာပေး Talk Show ကျင်းပ

အင်္ဂပူ   ဒီဇင်ဘာ    ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်းပြီး စားသုံးသူရေးရာ အသိပညာ ပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ စားသုံးသူရေးရာ အသိပညာပေး Talk Show အစီအစဉ်တွင် အင်္ဂပူမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ခံ ဦးဘိုဘိုက စားသုံးသူရေးရာ ဥပဒေပါ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စီးပွားရေးလုပ်ငန်း ရှင်များဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူများ ရရှိမည့်အခွင့်အရေး နှင့်အသိပညာဗဟုသုတများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာများ၊ တတ်သိပညာရှင်များနှင့် ချိတ်ဆက်၍ အသိပညာပေး Talk Show အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

မန်းကျော်၊ (ပြန်/ဆက်)