သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

သဲကုန်း ဒီဇင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်လမ်းများအား ယနေ့နံနက် ၉ နာရီက သဲကုန်းမြို့နယ် အတွင်းရှိ ကျေးရွာများ၌ လှည့်လည်နှိုးဆော်ခဲ့သည်။

ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန သဲကုန်း မြိုနယ်ရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား မိဘပြည်သူများအနေဖြင့် မဖြစ်မနေလိုက်နာ ဆောင်ရွက်ကြရန် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ချစ်နှင်းသုန်