လိပ်သိုမြို့တွင်  ကော်ဖီအသီးခူးဆွတ်ခြင်း  နည်းပညာပေး  ကွင်းသရုပ်ပြပွဲ ပြုလုပ်

လိပ်သို  ဒီဇင်ဘာ   ၈

ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့  ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံတွင်  ယနေ့ နံနက် ၁၀ နာရီက  လိပ်သိုမြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး  ဦးလင်းအောင်  ဦးဆောင်၍  ကော်ဖီအသီးခူးဆွတ်ခြင်း  နည်းပညာပေး  ကွင်းသရုပ်ပြပွဲ  တစ်ရပ်ပြုလုပ်ခဲ့ကြောင်း  သိရ သည်။

အဆိုပါ  ကွင်းသရုပ်ပြပွဲတွင်  ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံလိပ်သိုမှ  တာဝန်ခံ  ဦးစီးအရာရှိ  ဦးသက်နိုင်ထွန်း  ကကော်ဖီခူးဆွတ်သူ  တောင်သူများအား  နည်းစနစ်  မှန်ကန်စွာ  ကော်ဖီသီး မှည့်  (Cherry  Coffee)သီးများ  ခူးဆွတ်နိုင်ရေး၊ အရည်အသွေးပြည့်မှီပြီး  အထူးတန်းဝင်  ကော်ဖီများရရှိရေး၊ ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်  ရရှိစေရေးတို့ကို  ရည်ရွယ်၍  ကွင်းဆင်းအသိပညာပေး  သရုပ်ပြခူးဆွတ်ခြင်းတို့ကို  ဆောင်ရွက်ပေးခဲ့သည်။

ဒေသခံ ကော်ဖီစိုက်တောင်သူများ   ကော်ဖီ  ခူးဆွတ်ရာတွင်  စနစ်တကျ  ခူးဆွတ်နို်ငရေး အတွက်   ကော်ဖီသီးခူးဆွတ်ခြင်း  နည်းပညာပေး  သင်တန်းများကိုလည်း  ကျေးရွာများအထိ  ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း   သိရသည်။

မြို့(ပြန်/ဆက်)