ကော့ကရိတ် ဒီဇင်ဘာ ၈
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ခရိုင်ဥပဒေရုံးတို့ ပူးပေါင်း၍ လူကုန်ကူးမှု ဆိုင်ရာ အသိပညာပေး (Talk Show) ကို ယနေ့ နေ့လယ် ၁၂ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လှလှနွယ်က လူကုန်ကူးမှုနှင့် ပတ်သက်သည်များကို ပြည်သူများနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ရည်ရွယ်၍ အသိပညာပေး (Talk Show) ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်ဥပဒေအရာရှိ ဦးကျော်ဝင်းက မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် လူကုန်ကူးမှု ဖြစ်စဉ်များအကြောင်း၊ လူကုန်ကူးမှု၊ လူမှောင်ခိုမှုများနှင့် ပြစ်မှုပြစ်ဒဏ်စသည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
စောအောင်မျိုးလွင် (ပြန် / ဆက်)