မေတ္တာမြို့၌ တာရှည်ခံဆေးစိမ်ခြင်ထောင်များအခမဲ့ဖြန့်ဝေပေး

မေတ္တာ  ဒီဇင်ဘာ  

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ ၊ အမှတ်()ရပ်ကွက်တွင် ယမန်နေ့က တာရှည်ခံဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ထိုသို့တာရှည်ခံ ဆေးစိမ်ခြင်ထောင်များဖြန့်ဝေရာတွင် မေတ္တာမြို့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ လူမှုကူညီရေးအဖွဲ့ တို့ကအမှတ်()ရပ်ကွက်ရှိ ဒေသခံ ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။ "ဒီတာရှည်ခံဆေးစိမ်ခြင်ထောင်များကို မေတ္တာမြို့ရှိဒေသခံ ပြည်သူများအတွက် ၂၀၂၁ခုနှစ်၊ မေလကတည်းကဖြန့်ဝေပေးခဲ့တာ၊ ဒါပေမယ့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နေတဲ့ကာလဖြစ်တာရယ်၊ လူစုလူဝေးလည်း လုပ်လို့မဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ မဖြန့်ဝေဖြစ်တာပါ။ ခုမှပြန်လည်ဖြန့်ဝေ ဖြစ်တာပါလို့. တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

မေတ္တာမြို့၊ အမှတ်()ရပ်ကွက်ရှိ အိမ်ခြေ(၂၅၆)ခုအတွက် တာရှည်ခံဆေးစိမ်ခြင်ထောင် အလုံးပေါင်း(၈၈၀)လုံးကို အခမဲ့ ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နန်းခလိုက်(မေတ္တာ)