ပုလောမြို့နယ်၊ ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စု၊ ပြည်ခြားကျေးရွာရှိ မီးဘေးသင့်နေအိမ်တစ်လုံး အတွက် ထောက်ပံ့ ပေးအပ်

ပလောက်  ဒီဇင်ဘာ 

ပုလောမြို့နယ်၊ ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စု၊ ပြည်ခြားကျေးရွာတွင် ယမန်နေ့က မီးလောင်မှု ဖြစ်ပွားသော အိမ်ခြေ(၁)လုံးအတွက် ယနေ့နံနက်(၉)နာရီခွဲက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပုလောမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ကူညီမှု လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ရာတွင်  မီးဘေးသင့်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး  (၉၀၀၀၀) ကျပ်၊ လူဦးရေ (၃) ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုး (၆၃၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ  (၉၆၃၀၀) ကျပ်နှင့် ပလောက်မြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်နှင့် ပုလောမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်မြစောနွယ် ကထောက်ပံ့ ပေးအပ်ခဲ့ရာ နေအိမ်ပိုင်ရှင်မှ လက်ခံရယူခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်   (ပလောက်)