သဲကုန်း ဒီဇင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များအနေဖြင့် ကလေးသူငယ်များနှင့် စာဖတ်ပရိသတ်များအတွက် စာအုပ်၊ စာပေနှင့် ပတ်သက်၍ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး လုပ်ငန်းများကို နေ့စဉ်လွှင့်တင် ဆောင်ရွက်ပေးလျက်ရှိရာ မြို့အတွင်းရှိ ပြည်သူများ၊ ကျောင်းသားလူငယ်များ၊ စာပေချစ်သူများအနေဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့်အချိန်တွင် နေအိမ်မှတစ်ဆင့် Online အသုံးပြု၍ အလွယ်တကူ စာဖတ်နိုင်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရေးအတွက် ဝန်ထမ်းများမှ အလှည့်ကျအစီအစဉ်ဖြင့် နေ့စဉ် Online မှ အသိပညာပေး အစီအစဉ်များကို ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်၊ အသိပညာ ဗဟုသုတ တိုးပွားလာစေရန်အတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ပန်းချီဆွဲခြင်း၊ စကားပုံများ တင်ဆက်ခြင်း၊ သိမှတ်ဖွယ်ရာ အစီအစဉ်များကို လည်းကောင်း၊ စာပေ ချစ်ပရိတ်သတ်များအတွက် သုတ/ရသစာအုပ်များ ရွေးချယ်မိတ်ဆက်ခြင်း၊ ကျန်းမာရေး အသိပညာပေး ဆောင်းပါးများ ရွေးချယ် တင်ဆက်ခြင်းအစီအစဉ် စသည့် အသိပညာပေး အစီအစဉ်များနှင့် Talk Show အစီအစဉ်များကို ရိုက်ကူး၍ သဲကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Page မှတစ်ဆင့် ထုတ်လွှင့် အသိပညာပေးလျက်ရှိကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)