သရက်ချောင်း ဒီဇင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့ မြို့မရပ်ကွက် လှုမှု၀န်ထမ်းဦးစီးဌာန၊ မူကြိုကျောင်း၌ ယနေ့ နံနက်(၁၁)နာရီက ကလေးငယ်များအား အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပေးအပ်ပွဲအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှုမှုရေး၀န်ကြီး ဦးယဉ်ထွေး၊ သစ်တောနှင့် သယံဇာတ၀န်ကြီးဦးခင်မောင်မြင့်၊ တိုင်းရင်းသားရေးရာ၀န်ကြီး စောမာတင်လူသာတို့နှင့် လှုမှု၀န်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချူပ်ရေး ကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦး၊ လ၀ကဦးစီးမှူး ဦးမောင်မောင်လွင်၊ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ၀င်းဇော်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူး ထွန်းအောင်ကျော် မူကြိုကျောင်းတာ၀န်ခံ ဦးစီးအရာရှိ ဒေါ်လှလှထွန်းနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများနှင့် ၀န်ထမ်းများ စုစုပေါင်း (၁၅) ဦးခန့် တက်ရောက်ပြီး လူမှု၀န်ထမ်း မူကြိုကျောင်း၌ တက်ရောက်နေသော ကလေးငယ်(၅၀) ဦးအား အာဟာရဖြည့်စွက်စာ (၄) မျိုး ပေးအပ်ခဲ့ပြီး မူကြိုကျောင်းအား လှည့်လှည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အေးနွယ်ဝင်း