ကရသူရိ ဒီဇင်ဘာလ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် အပြင်ထွက်သွားလာရာတွင် နှာခေါင်းစည်း (Mask)တပ်ဆင် သွားလာ ရေး(Mask)များဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၉နာရီက မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ ကြောင်းသိ ရသည်။
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုလျော့နည်းစေရေးအတွက် အပြင်ထွက်သွားလာရာတွင် နှာခေါင်းစည်း(Mask)တပ်ဆင်မထားသူများ၊ ဈေးရောင်း/ဈေးဝယ်သူများ၊ ခရီးသွားဧည့်သည် များနှင့် ကျောင်းသား/သူများကို ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပညာပေးဖြန့်ဝေးပေးခြင်း ဖြစ်ပြီး အဆိုပါ ဆောင်ရွက်ခြင်းကို ကရသူရိမြို့အုပ်ချုပ်ရေးမှူး ဦးပြည့်မှူးပိုင်ဦးစီး၍ ကျန်းမာ ရေးဝန်ထမ်းများ၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)