ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးဆောင်ရွက်

ဒေးဒရဲ     ဒီဇင်ဘာ    ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဒေးဒရဲမြို့နယ် အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ ကာကွယ် ဆေးများထိုးနှံမှု မကျန်ရှိစေရေး ဂရုပြုဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ကျေးရွာများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ကျေးရွာများအရောက် ထိုးနှံပေးနိုင်ရေး  အကူအညီတောင်းခံမှုများအပေါ် လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေး သက်ဆိုင်ရာဌာနများက ဆောင်ရွက်သွားရန်၊ ဌာနဆိုင်ရာများအနေဖြင့် ရုံးလုံခြုံရေးအတွက် နေ့ညမပြတ် ဆောင်ရွက်သွားရန်၊ မြို့တွင်းသန့်ရှင်းသာယာလှပရေးနှင့်    မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားရန်နှင့်  တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီက ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအား ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

အေဇာလင်း (ပြန်/ဆက်)