ကရသူရိ ဒီဇင်ဘာလ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း တွင်ပညာသင်ကြားနေသည့် ကျောင်းသား/သူ(၂)ဦးသည် ယန်မနေ့ မွန်းတည်းပိုင်းက ရောဂါ လက္ခဏာကြောင့်Tick Kids ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါရောဂါပိုးတွေ့ရှိသူမှာ ဆဌမတန်းကျောင်းသူတစ်ဦးနှင့် ဒုတိယတန်းကျောင်းသားတစ်ဦး ဖြစ်ပြီး ၎င်းတို့ပညာသင်ကြားချိန်တွင် ကိုယ်အပူချိန်မြင့်တက်နေသည့်အတွက် ကရသူရိမြို့ တိုက်နယ် ဆေးရုံသို့သွားရောက်ပြသရာတွင် ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိသည့်အတွက် မျိုးရိုးဗီဇပြောင်းစစ်ဆေးနိုင်ရန် ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဌာနသို့ ဆက်လက်တင်ပြ ထားကြောင်း၊ လက်ရှိတွင် ဆဌမတန်းနှင့်ဒုတိယတန်းစာသင်ခန်း(၂)ခန်းကို ယာယီပိတ်ထား လျက်ရှိပြီးအခန်းဖော်ကျောင်းသား/သူများအား(၃)ရက်ကြာစောင့်ကြည့်ပြီး ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိစစ်ဆေးသွားမည်ဖြစ်ကြောင်း အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည့် ကျောင်းသား/သူ (၂)ဦးကို ကရသူရိမြို့ တိုက်နယ်ဆေးရုံးတွင် ဆေးဝါးကုသမှုခံလျက်ရှိကြောင်းကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဆန်းစိုးထံမှသိရသည်။
ကရသူရိ(ပြန်/ဆက်)